ချောက် ၁၈ အောက်တိုဘာ
ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပေးအပ်သော Speed boat ရေယာဉ်အား ချောက်မြို့ အမှတ် (၇)ရပ်ကွက် အုတ်ဖိုရပ် ဧရာဝတီမြစ်ဆိပ်ကမ်းတွင် အောက်တိုဘာ ၁၇ ရက်နေ့ညနေက ရေချ၍ စမ်းသပ်မောင်းနှင်ခဲ့သည်။
အဆိုပါ ရေယာဉ်သည် ရေဘေးသဘာဝဘေးအန္တရာယ်ဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးရန်နှင့် ဧရာဝတီမြစ်တွင်း ရေယာဉ်များ မီးလောင်မှုများ၊ မတော်တဆ နစ်မြုပ်မှုများ ဖြစ်ပွားရာသို့ အလျင်အမြန် သွား၍ ရှာဖွေကယ်ဆယ်ရေးများ အမြန်ဆုံး ပြုလုပ်ဆောင်ရွက်စေရန် ရည်ရွယ်ကြောင်း Speed boat ရေယာဉ်မှာ အလျား ၁၈ ပေ ၊ အနံ ၆ပေ၊ စက်အားမြင်းကောင်ရေ 30Hp၊ တရုတ်နိုင်ငံထုတ် အင်ဂျင်စက်ဖြစ်သည်။
ရေယာဉ်အား ရေချစမ်းသပ်မောင်းနှင်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးစိုးညွန့်နှင့်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ တက်ရောက်စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)


