ချောက် ၅ မေ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ ပျိုးပင်အခမဲ့ရယူစိုက်ပျိုးနိုင်ရန် အတွက် ချောက်မြို့နယ် မင်းကန်ကျေးရွာ၊ မင်းကန်ယာယီပျိုးဥယျာဉ်အတွင်း မြို့နယ်သစ်တောဦးစီးဌာနက သစ်ပင် ပျိုးပင် ပေါင်း ၄၂၁၀ဝ ပင်ကို စိုက်ပျိုးထားကြောင်း သိရသည်။
မိုးရာသီအတွင်း ပျိုးပင်များကို မြို့နယ်သစ်တော ဦးစီးဌာနက အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး ယမန်နှစ်က ပျိုးပင် စုစုပေါင်း ၄၂၁၀ဝ ပျိုးထောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း ဒေသနှင့်ကိုက်ညီသည့် ယူကလစ်၊ယင်းမာ၊ တမာ၊လျှော်ဖြူ၊ မန်ကျည်း၊ ဖန်ခါး၊ ဆီးဖြူ၊ဖျောက်ဆိပ်၊ စိန်ပန်းကြီး၊ မယ်ဇလီ၊သစ်ဆိမ့်၊ဗန်ဒါ၊ရေတမာ၊ထနောင်း၊ဒဟတ်၊မန်ဂျန်ရှား၊ဆီး၊ခရေ စသည့် အပင်၁၉မျိုး ပျိုးပင်ပေါင်း ၄၂၁၀ဝ ပျိုးထောင်ပြီးဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတို့ အခမဲ့ လာရောက် ထုတ်ယူစိုက်ပျိုးရန် အသင့်ရှိကြောင်း မြို့နယ်သစ်တော ဦးစီးမှူး ပြောကြားချက်အရ သိရသည်။
ကျော်မိုး(ပြန်/ဆက်)


