နေပြည်တော်  ၁၀  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ သံဘို(တောင်)ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ဒုတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးနေပြီဖြစ်ကြောင်း  ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

 

သံဘို(တောင်)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းအတိုးရငွေ စုစုပေါင်း ၂၉ ဒသမ ၀၆ သန်း ရရှိနေပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂၃၉၃၅)ပေ သွယ်တန်းခြင်းလုပ်ငန်းကို မြစိမ်းရောင်စီမံကိန်း အတိုးရငွေများအနက်မှ ခွင့်ပြုငွေ ၁၂ ဒသမ ၁၄၁၈ သန်းဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ သတ်မှတ်ချက်များနှင့်အညီ ကျေးလက်ဒေသ ဖွံးဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း  ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ 

 

အဆိုပါကျေးရွာ ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းသည် ကျေးရွာရှိ အိမ်ခြေ(၁၂၉)အိမ်၊ လူဦးရေ (၅၈၄)တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။ 

 

ဂျိုင်းလော  (သတင်းစဉ်)