ချောက် ၁၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီးချောက်မြို့နယ် တွင်းလပ် ကျေးရွာ အထက်တန်းကျောင်း၌ ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ သွားလာမှုလွယ်ကူစေရေးအတွက် Lesswalk.Org နှင့်ဝေါဗီရှင်းမြန်မာတို့ပူးပေါင်း၍ စက်ဘီး ၁၅၀စီး ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်၉နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၂) ဦးစိုးဝင်း၊ မြို့နယ်ချုပ်ရေးမှူးဦးကျော်ဆွေဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး ချောက်မြို့ နယ်ဝေါဗီးရှင်း မြန်မာ တာဝန်ခံ မန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက သွားလာရေးခက်ခဲသောကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ထို့နောက် နရွှဲတောကျေးရွာဒေသခံပြည်သူတစ်ဦးမှကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ဆက်လက်၍လွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝေါဗီရှင်း မြန်မာတာဝန်ခံ ဒေါ်ခိုင်ခိုင်ထွန်းတို့မှ ကျောင်းသွားလာရေးတွင် အခက်ခဲရှိကျောင်းသား၊ကျောင်းသူများအား စက်ဘီး ၁၅၀ စီး ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


