ချောက်  ၅  ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး  မကွေးခရိုင် ချောက်မြို့နယ်အတွင်း ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် သောက်သုံးရေဖူလုံစွာ ရရှိစေရန်ရည်ရွယ်၍ အပူပိုင်းဇုန်ကျေးလက်ရေရရှိရေး JICA စီမံကိန်းဖြင့် ဆူးတပ်ကျေးရွာ၊ ထန်းစုရွာသစ် ကျေးရွာ၊ မြေစွန်း(အနောက်)ကျေးရွာများတွင် ရေတွင်းတူးစက်ကြီးများဖြင့် အဝီစိ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

85

 

ချောက်မြို့နယ်သည် အပူပိုင်းဇုန် မိုးနည်းရပ်ဝန်းဒေသဖြစ်ပြီး သန့်ရှင်းသော မြေအောက်ရေ အဝီစိ စက်ရေတွင်းတူးဖော်ရာတွင် ရေထိပ်ဝေးကွာလွန်းတာကြောင့် အခက်အခဲများစွာရှိကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဇုန် ကျေးလက်ရေရရှိရေး JICA စီမံကိန်းဖြင့် ဆူးတပ်ကျေးရွာမှာ ဇန်နဝါရီလ ပထမပတ်မှစ၍ ရေတွင်းတူးစက်ကြီးဖြင့် တူးဖော်ခဲ့ရာ အနက်ပေ ၁၂၄၀ တွင် တူးဖော်အောင်မြင်ခဲ့ပြီး တစ်နာရီရေဂါလန် ၁၈၀ဝ ထွက်ရှိကြောင်း၊ ထန်းစုရွာသစ်ကျေးရွာနှင့် မြေစွန်း(အနောက်)ကျေးရွာများ ဆက်လက် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

2

 

အဆိုပါ ကျေးရွာသုံးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းကို အပူပိုင်းဇုန် ကျေးလက်ရေ ရရှိရေး JICA စီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ် ၇၀ ဒသမ ၈၀၉ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်း ၊ အလျား ၁၂ ပေ x အနံ ၁၀ ပေ x အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း၊ ပေ ၂၀ အမြင့် ဂါလန် ၂၄၀ဝ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

963258

                      

စိုးမိုးကျော်

 

9632