ချောက်၊ စက်တင်ဘာ ၂၄
မကွေးခရိုင်၊ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာအုပ်စုအတွင်းရှိ သွေးနက်ကျေးရွာနှင့် ကြီးနီကျေးရွာများ၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသော ပြည်သူများအား ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ အထကကျောင်းတို့၌ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြ ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် သွေးနက်ကျေးရွာမှပြည်သူ (၁၁၀) နှင့် ကြီးနီကျေးရွာမှ ပြည်သူ(၉၀)၊ စုစုပေါင်း(၂၀၀) တို့ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြကြောင်း၊ နောက်နေ့ရက်တွေမှာလည်း လာရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ချောက်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချောက်မြို့နယ်တွင် ဒုတိယအသုတ်၊ ပထမအကြိမ်အတွက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးလုံး (၃၅၇၀)ရရှိပြီး၊ လူဉီးရေ(၁၇၈၅၀)အား ထိုးနှံပေးသွားနိုင်မည်ဖြစ်ကြောင်း ချောက်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မချို (ချောက်)