ချောက်  ၁၁  ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ကူညီထောက်ပံ့ပေးသည့် ဆန်၊ ကြက်သွန်နီ၊ ဆား၊ ပဲများ အချိန်မီ ထောက်ပံ့ပေးနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီကစ၍ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌  မြို့ပေါ်ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ကျေးရွာများသို့လည်း စလေတိုက်နယ်၊ ပခန်းငယ်တိုက်နယ်၊ ဂွေးချိုတိုက်နယ်၊ တွင်းလပ်တိုက်နယ်၊ ဂွေးပင်တိုက်နယ်အလိုက် သတ်မှတ်ထားသော နေရာအသီးသီး၌ အုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတင်ဖြန့်ဝေပေးလျက်ရှိနေသည်။

 

ယနေ့ ထုတ်ယူရရှိသော ဆန်၊ ကြက်သွန်နီ၊ ဆား၊ ပဲများကို အိမ်ထောင်စု ၁၉၈၃၇ စုထံသို့ ကနဦး ဖြန့်ဝေပေးခြင်းဖြစ်ကာ ထပ်မံရရှိမည့် ဆီများရောက်ရှိပါကလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးပြောကြားချက် အရသိရှိရသည်။

 

မချို(ပြန်/ဆက်)