ချောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ချောက် သြဂုတ် ၃

 

ချောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ် ၁ ရက်က စတင်ထိုးနှံပေးခဲ့၍ မြို့နယ်အတွင်းရှိ စုရပ်များ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

​ချောက်မြို့နယ်၌ ဆေးထိုးစုရပ်များဖြစ်သော​ ရေနံလုပ်သားများ အပန်း​ဖြေရိပ်သာ(၂)၊ ​ချောက်မြို့နယ် အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနခန်းမ၊ ​ချောက်မြို့နယ် ပြည်သူ့​ဆေးရုံ၊ လင်းတကိုင်း၊ ဆူး​တော၊ စလေတိုက်နယ်​ဆေးရုံတို့တွင် ဩဂုတ်(၁)ရက်​နေ့က ဦးစား​ပေးထိုးနှံမည့် အစီအစဉ်တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိ ဘိုးဘွားများ၊ ဩဂုတ်(၂)ရက်​နေ့တွင် ကျန်ရှိ​နေသည့်အသက် ၆၅ နှစ်နှင့်အထက်ရှိ ဘိုးဘွားများနှင့် အစိုးရ/ပုဂ္ဂလိက ကျန်းမာ​ရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့​ စေတနာ့ဝန်ထမ်းများ၊ သံဃာ​တော်များ၊ သီလရှင်များ၊ နိုင်ငံဝန်ထမ်းများ၊ အကျဉ်းသား၊ အချုပ်သားများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ ပုဂ္ဂလိကပို့ဆောင်​ရေးဝန်ထမ်းများ၊ Super Market ၊​​ စျေးဆိုင်၊ စား​သောက်ဆိုင်ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံပြီးသွားသောသူများအနေဖြင့် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ်ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

 

​ချောက်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးလုံးရေ (၁၀၅၀)ရရှိပြီး လူဦးရေ(၂၁၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကာ ဆေးထိုးစုရပ်ကို (၆)နေရာခွဲ၍ နေ့စဉ် နံနက်(၈)နာရီမှ (၁၂)နာရီထိနှင့် မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီထိ ထိုးနှံပေးကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများက လာရောက်ဆေးထိုးသူများကို ဆေးမထိုးမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး ပုံမှန်အခြေနေရှိမှသာ ကာကွယ်ဆေးများကိုဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့ ပူးပေါင်း၍ ကြီး​ကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)