ချောက် ၂၅ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန စစ်တုရင်ဆပ်ကော်မတီမှ ကျင်းပသော လူသစ် တန်း၊ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ပြည်သာယာ ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းမှ ယခုကဲ့သို ပြိုင်ပွဲများ စဉ်ဆက်မပြတ် ပြုလုပ်၍ ချောက်မြို့နယ်အတွင်း လူငယ်အား ကစားများပေါ်ထွက်လာစေပြီး လူငယ်များအတွက် အတွေ့အကြုံများရ၍ ယှဉ်ပြိုင်ခြင်း၏ အကျိုးရလဒ်များကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင် လူသစ်တန်း ပထမ ဦးခင်အောင်၊ ဒုတိယ ဦးစိုးထွန်း၊ တတိယ ဦးမြင့်အောင်၊ အလွတ်တန်းတွင် ပထမ ဦးမြင့်ဆွေ၊ ဒုတိယ ဦးသိန်းလှိုင်၊ တတိယ ဦးဝင်းဇော်နှင့် နှစ်သိမ့်ဆု ရရှိသူများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ချိုချိုမာနှင့် တာဝန်ရှိသူများက ဆုတံဆိပ်၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကျော်မိုး(ပြန်/ဆက်)


