ချောင်းဆုံ ၂၆ မတ်
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့အဝင် ဗိုလ်ချုပ်အောင်ဆန်း တံတားထိပ်၌ Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ ဦးဆောင်ပြီး မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီမှစတင်ကာ မြို့နယ်တွင်း Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် မြို့နယ်ပြင်ပရှိ ခရီးသွားဧည့်သည်များအား Covid-19 ကူးစက်ခံရခြင်းမရှိရေး ကိုယ်အပူချိန်များ တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးဆောင်ရွက်မှုများကို မြို့နယ်တံတားထိပ်၌ ၂၄ နာရီ ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရမည်။
ထူးအိမ်(ပြန်/ဆက်)


