ချောင်းဆုံ ၂၂ ဇန်နဝါရီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် တိုးချဲ့ရပ်ကွက်တွင် မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် မြို့အင်္ဂါနှင့်အညီ ကွန်ကရစ် အုတ်စီနံရံ ရေမြောင်းဖောက်လုပ်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စည်ပင်ရန်ပုံငွေဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှ စတင်ဆောက်ရွက်လျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကွန်ကရစ်အုတ်စီနံရံ ရေမြောင်းဖောက်လုပ်ခြင်းကို တိုးချဲ့ရပ်ကွက် သမိန်ဗရမ်းလမ်းတွင် ဆောက်လုပ်လျက်ရှိရာ အရှည် ၁၀၅ ပေ၊ အကျယ် ၁ ပေခွဲ၊ အမြင့် ၅ ပေအား စည်ပင်ရန်ပုံငွေ (၇၅)သိန်းဖြင့် ဆောက်လုပ်လျက်ရှိပြီး အုတ်စီနံရံ ရေမြောင်းဖောက်လုပ်ခြင်းအပြင် ၎င်းလမ်းရှိ တံတားအား တစ်ဖက် ၅ ပေ တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ဘီအိုစီလမ်းသွယ် လမ်းကြား ရပ်ကွက်ရှိ မြေနိမ့်ပိုင်းလမ်းတွင် ကျောက်ကြမ်းလမ်းခင်းခြင်းနှင့် မြေသားလမ်းဖို့ခြင်း လုပ်ငန်းများကိုလည်း ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်ယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအုန်းသန့်ထံမှ သိရှိရသည်။
MDN