ချောင်းဆုံ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာရှိ ပြည်သူများအား ယနေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးရုံးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အသက် ၁၆ နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသေးသူများကို အဓိကထား ဆောင်ရွက်ပေးပြီး အသက် ၁၀ နှစ်နှင့်အထက်ပြည့်ပြီးသူတိုင်း နိုင်ငံသားကတ်အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးခြင်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အထောက်အထားများ ပြည့်စုံစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ယမန်နေ့က ရွာလွတ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၆၂ ခုပြုလုပ်ပေးပြီး အိမ်ထောင်စုစာရင်းဖြည့်စွက်ခြင်းနှင့် လူဦးရေစာရင်းပယ်ဖျက်ခြင်းကို အိမ်ထောင်စု ၂၀၀ စုအား ပြုလုပ်ပေးခဲ့သည်။
ချောင်းဆုံ(ပြန်/ဆက်)