ချောင်းဆုံ ၁၈ နိုဝင်ဘာ

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရန် ပဲတီစိမ်း၊ မတ်ပဲ (RS-CS) ပဲမျိုးစေ့များ ထုတ်လုပ်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ကညှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူများအား မျိုးစေ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပဲမျိုးစေ့ ထုတ်လုပ်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ (ကညှော်၊ ကုလားဘီ၊ ကော့မုပွန်၊ ကွမ်ရိုက်၊ ကော့ကဒိုက်) ကျေးရွာများရှိ တောင်သူ (၁၆) ဦးအား ပဲတီစိမ်းစိုက်ပျိုးရန် စိုက်ဧက (၁၂) ဧကအတွက် ပဲတီစိမ်း (၆) တင်းကို လည်းကောင်း၊ မတ်ပဲစိုက်ပျိုးရန် စိုက်ဧက (၁၇) ဧက အတွက် မတ်ပဲ (၈.၅) တင်းကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း၊ ပဲမျိုးစေ့စိုက်ပျိုးရန်အတွက် ကညှော်ကျေးရွာတွင် မြေပြုပြင်ခြင်းများကိုလည်း ဆောင်ရွက်နေပြီး ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်လွင်ထံမှ သိရသည်။

 

ကေအေ(ချောင်းဆုံ)

 

mdn