ချောင်းဆုံ ၁၆ မတ်      

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးတွင် မတ်လ ၁၅ ရက်နေ့ ညနေ၆ နာရီခန့်က မြေကော်စက်ဖြင့် မြေတူးဖော်နေစဉ် အရှည်(၃ပေ ၁၀လက်မ) လုံးပတ် (၁ပေ ၆ လက်မ)ခန့်ရှိ ဒုတိယကမ္ဘာစစ် အကြွင်းအကျန် လေယာဉ်ချဗုံးဟုယူဆရသည့် ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

199

 

အဆိုပါနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ဗုံးသီးဟောင်းကို သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

ဓါတ်ပုံ - မင်းဟံသာ

 

188