ချောင်းဆုံ ၂၇ အောက်တိုဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မဟာကန်တော်ကြီးတွင်မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ တတိယ နေ့ကို အောက်တိုဘာ ၂၇ ရက်နေ့တွင် ဆက်လက်ကျင်းပရာ လှေလှော်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ချောင်းဆုံအနောက်ရပ်ကွက်၊ ကုလားတို့၊ တော်ပွန်၊ ဇီးကုန်း၊ ဖံဖ၊ ကမနင်း၊ ကရင်ဝင်း စိန်နှင့် မုရစ်ကြီး ကျေးရွာများမှ လှေလှော်ပြိုင်ပွဲဝင်အသင်း(၂၀)သင်းတို့ မှ တတိယနေ့ပြိုင်ပွဲတွင် (၃၅)နှစ်အောက် (၃)တက်လှော်အသင်း(၂၀)သင်း အသက်(၃၅)နှစ်အထက် (၃)တက် လှော် အသင်း (၂) သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ လှေလှော်ပြိုင်ပွဲအထိမ်းအမှတ်ဖြင့် တေးဂီတ ဖျော်ဖြေရေး ဇာတ်ပွဲများကိုပါ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိကြောင်းသိရသည်။
ထူးအိမ်(ပြန်/ဆက်)


