ချောင်းဆုံ ၅ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာအနီး မုဒွန်းတောင်ပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် ည ၁၁ နာရီခန့်က တောမီးရှို့သည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် အခြားရော်ဘာခြံများသို့ ကူးစက်မှုမရှိစေရေးနှင့် ကျေးရွာအတွင်း မီးကူးစက်မှု မရှိစေရေးအတွက် မီးလောင်ကျွမ်းနေသော ဧရိယာ(၅)ဧကခန့်တို့အား မုဒွန်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ချောင်းဆုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁) စီး၊ အေးမြကြည်လင် လူမှုကယ်ဆယ်ရေးအသင်းမှ ကား(၂)စီးတို့နှင့်အတူ ကျေးရွာသူရွာသားများ နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်းပြီး ငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက် နံနက် (၁) နာရီအချိန် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ကေအေ(ပြန်/ဆက်)


