ချောင်းဆုံ စက်တင်ဘာ 

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကိုဗစ်၁၉ ရောဂါ ကုသရေးစင်တာများ၊ ဆေရုံများနှင့် ပြည်သူများ လိုအပ်သည့် အောက်ဆီဂျင် အလျင်အမြန် အသုံးပြုနိုင်ရေးအတွက် ဩဂုတ် ၃၁ ရက်က ရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ် စက်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ အောက်ဆီဂျင်စက်ရုံတွင် စတင်တပ်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။

 

ဆေးရုံတွေမှာသုံးတဲ့ (NZO-60) အောက်ဆီဂျင်ထုတ် စက်အမျိုးအစားဖြစ်ပြီး စက်ပစ္စည်းများကို နှစ်ရက်အတွင်း စတင်ထုတ်နိုင်မည် ဖြစ်ကြောင်း၊ တစ်နာရီအတွင်း အောက်ဆီဂျင် (၄၀) လီတာအိုး (၁၀)လုံးမှ (၁၂) လုံးအထိ ရရှိနိုင်ကြောင်း၊ နာရီဆက်တိုက် လည်ပတ်၍ ()နာရီခန့် ရပ်နားပေးပါက ရေရှည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်တပ်ဆင်ပေးသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြို့နယ်အတွင်း လိုအပ်အောက်ဆီဂျင်ရရှိရေးအတွက် ဆရာတော်၊ သံဃာတော်များ၏ သြဝါဒကိုခံယူကာ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)