ချောင်းဆုံ ၁၄ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား ဖေဖော်ဝါရီ ၁၄ ရက်နေ့က မြို့နယ်အားကစားကွင်းတွင် မွန်ပြည်နယ် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးရေးလုပ်ငန်းစီမံချက်ဖြင့် ပြည်နယ်(ကညန)အဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာမှ သက်ဆိုင်ရာအဖွဲ့တို့မှ မှတ်ပုံတင်လိုင်စင်ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်ယာဉ် အမျိုးအစားပေါင်း(၅၆)မျိုး တို့အား ယာဉ်တန်ဖိုးအမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်အလိုက် ဒဏ်ကြေးငွေပေးဆောင်ရပြီး မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်(၂၃၀)စီးကျော်တို့အား ဖေဖော်ဝါရီ (၁၀)ရက်နေ့ကစတင်ပြီး (၄)ရက်တိုင်တိုင် မော်တော်ဆိုင်ကယ်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)