ချောင်းဆုံ ၁၃ နိုဝင်ဘာ
ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ ၁၃ ရက်က ဘုရားကြီးကုန်း(အ.မ.က)ကျောင်းနှင့် ပလိုင်ဝမ်း(အ.မ.က) ကျောင်းတို့တွင် နယ်လှည့်ကွင်းဆင်းကာ မြို့နယ်(ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာက လူကုန်းကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ ပြသခြင်းနှင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)


