ချောင်းဆုံ  ၂၄   ဧပြီ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း နွေရာသီရောက်တိုင်းနှစ်စဉ် သောက်သုံးရေရှားပါးလျက်ရှိသည့် ပင်လယ်ကမ်းစပ်ကျေးရွာများနှင့် ကွင်းရွာများဖြစ်သော ဆယ်ပလာကျေးရွာ၊ ကလော့ကျေးရွာ၊ ကရင်ဝင်းစိန်ကျေးရွာအုပ်စု တော်ပကောက်ကျေးရွာ၊ တော်ပွန်ကျေးရွာအုပ်စု အဂလဲကျေးရွာများသို့ သောက်သုံး ရေများအလုံအလောက်ရရှိစေရန် မြို့နယ်အတွင်းရှိလူငယ်ပရဟိတအဖွဲ့၊ အရန်မီး သတ်တပ်ဖွဲ့ နှင့် အလှူရှင်များတို့က ဧပြီလ ဒုတိယပတ်မှ စတင်ပြီး တစ်ရက်ပျမ်းမျှ သောက်သုံးရေ ရေဂါလန် (၁၁၈၀ဝ)ကျော် တို့အား နေ့စဉ် သွားရောက်လှူဒါန်းလျက်ရှိကြောင်း လူငယ်ပရဟိတအဖွဲ့မှ သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)