ချောင်းဆုံ    ၁၀   စက်တင်ဘာ     
    

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် ငွေကြေးထောက်ပံ့ခြင်းကို စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ (၃)နာရီက မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
    

အဆိုပါ ငွေကြေးထောက်ပံ့ခြင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ရပ်ကွက်/ကျေးရွာအုပ်စု ၄၆ အုပ်စုမှ ကျေးရွာအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးကော်မတီမှ အဖွဲ့ဝင်များအား အမှာစကားပြောကြားပြီး အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အို(၉၅၈)ဦး အတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၂၈၇၄၀ဝ၀ဝ ကို ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)