ချောင်းဆုံ ဩဂုတ် ၈

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ အမြင်အာရုံကောင်းမွန်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အခြေပညာဦးစီးဌာနနှင့် Good Vision Glasses Myanmar တို့ ပူးပေါင်း၍ ဩဂုတ် ၈ ရက် နံနက်ပိုင်းက ချောင်းဆုံ(အထက)တွင် စုရပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်။

 

ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်ဖြင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ Good Vision Glasses Myanmar အဖွဲ့၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များနှင့် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား ကျောင်းသူ ၃၈၁ ဦးအား မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် ကျောင်းသား ကျောင်းသူများအား မျက်မှန်အခမဲ့ ပံ့ပိုးပေးခဲ့ကြောင်းနှင့် အဆိုပါ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ဩဂုတ် ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)