ချောင်းဆုံ ဇွန် ၂၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းအကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျေးရွာသူ ကျေးရွာသား ရပ်မိရပ်ဖများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဝင် ကိုးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
သုတ


