ချောင်းဆုံ  ၂၉   အောက်တိုဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊  ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းလမ်း ကတ္တရာရေပိတ်လွှာခင်းခြင်း လုပ်ငန်းကို အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

တောင်စွန်းကျေးရွာအုပ်စု၊ မုနိုင်ကျေးရွာကျေးရွာတွင်းလမ်း အရှည် ၂၈၃၃ ပေ အကျယ် ၁၂ ကတ္တရာလမ်း ရေပိတ်လွှာခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေအနက်မှ ငွေကျပ် ၁၂၇ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၈ ဒသမ ၈ သိန်း စုစုပေါင်း ၁၃၅ ဒသမ ၈ သိန်းဖြင့်  အောက်တိုဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောင်းဆုံ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာ ကျေးရွာတွင်းလမ်း ကတ္တရာရေပိတ်လွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ (၁၈၁) လူဦးရေ (၁၁၉၈)ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမိုဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဒေသခံပြည်သူ များထံမှ သိရသည်။

 

ချောင်းဆုံမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၀၅ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်အထိ မုနိုင်းကျေးရွာ အပါအဝင် ကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အနက် ကဒါကျေးရွာ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်းနှစ်ခုကို မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေကျပ်သိန်း ၁၉၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၈ ဒသမ ၈ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၉၈ ဒသမ ၈ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်