ချောင်းဆုံ ဇူလိုင် ၁၉
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက မော်လမြိုင်-ချောင်းဆုံ အဝေးပြေးလမ်းပေါ်ရှိ သက္ကောကျေးရွာအတွင်း ကားလမ်းပေါ်တွင် ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ရာ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကားလမ်းပေါ် ရေကျော်လျက်ရှိကာ ယာဉ်များ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကူညီဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက လမ်းပေါ်တွင် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ချောင်းဆုံ(ပြန်/ဆက်)