ချောင်းဆုံ စက်တင်ဘာ ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၂၀ ရက်က ရွာလွတ်(အထက) ကျောင်းတွင် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီး လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ် ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးသန့်ရှင်းရွှေနှင့် ဝန်ထမ်းများမှ အသက် (၁၀)နှစ် ပြည့်ပြီးသူ နိုင်(၃)က ကျား(၅၈)ဦးနှင့် မ(၅၅)ဦး စုစုပေါင်း (၁၁၃)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ချက်ချင်းပြုလုပ်ပေးခဲ့ကြပြီး တာဝန်ရှိသူများမှ ကျောင်းသား ကျောင်းသူများအား နေ့ချင်းပြီး လက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့်ကျေးရွာများတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


