ချောင်းဆုံ ၃၁ အောက်တိုဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေ ဖြင့် စိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ အောက်တိုဘာ တတိယပတ်က စတင်ပြီး ချောင်းဆုံအရှေ့ရပ်ကွက်၊ မုခနီးကျေးရွာတို့ရှိ တောင်သူကြီးများထံ ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။
ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြင့် ပဲ(၁)ဧကလျှင် (၁)သိန်း၊ နွေစပါး (၁)ဧကလျှင် ၁သိန်း(ခွဲ)ဖြင့် ဆောင်းသီးနှံ စိုက်ပျိုးမည့် လယ်သမား(၁၇) ဦး တို့အား ပဲ(၅၉)ဧကနှင့် နွေစပါး (၅၂)ဧကအတွက် ထုတ်ပေးငွေ စုစုပေါင်း (၁၃၇)သိန်းတို့အား အောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ချေးပေးခဲ့ကြောင်းနှင့် ဒေါင်းရပ်အရှေ့၊ဒေါင်းအနောက်၊ ကညှော်၊ ကော့မုပွန် ကျေးရွာများရှိ ပဲစိုက်တောင်သူ များ ကိုလည်းဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆောင်းသီးနှံ ချေးငွေအတွက် လျာထားဧကမှာ ပဲဧက(၂၀ဝ၀)နှင့်နွေစပါး(၁၅၀)ဧကအထိ ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုး ရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ချိုချိုခင်ထံမှ သိရသည်။
ထူးအိမ်(ပြန်/ဆက်)


