ချောင်းဆုံ  ၁၁ ဇွန်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာခြောက်ရွာတွင် သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာ ခြောက်ရွာမှာ ကွမ်ဒိုင်း၊ မုရစ်ကလေး၊ ခရိုက်ဒူး၊ ဆယ်ပလာ၊ မုဒူး၊  နှင့် ပိုင်ကဒါးရှမ်းစု ကျေးရွာတို့ဖြစ်ပြီး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း နှစ်ခု၊ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် တည်ဆောက် ခြင်းလုပ်ငန်း သုံးခု၊ ဂါလံ ၂၀ဝ၀ ဆံ့ စင်မြင့်ရေစင် တစ်ခု၊ ဂါလံ (၁၀ဝ၀ဝ) ဆံ့ အုတ်ရေကန်တစ်ခု၊ ဂါလံ(၅၀ဝ၀)ဆံ့ အုတ်ရေကန်နှစ်ခု၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတစ်ခု၊ ရေပိုက်လိုင်း ပေ (၁၃၁၄၀) သွယ်တန်းခြင်း လုပ်ငန်းနှင့် ရေမော်တာ တပ်ဆင်ခြင်းလုပ်ငန်း သုံးခုတို့ ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါသောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေ ကျပ် ၄၈ ဒသမ ၇၆ သန်း၊ မွမ်းမံရန်ပုံငွေကျပ် ၈ ဒသမ ၂၆သန်း၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၀ ဒသမ ၂၅ သန်း၊ စုစုပေါင်းခွင့်ပြုငွေကျပ် ၇၇ ဒသမ ၂၇ သန်းဖြင့် ယခုနှစ်မတ်လမှ စ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဗညားကပြောပြ၍ သိရသည်။

ယခုတူးဖော်ဆောင်ရွက်နေသည့် စက်ရေတွင်း နှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပြီးစီးသွားပါက ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၂၉၇၀ အိမ်မှ လူဦးရေ ၁၆၃၆၄ ဦးတို့မှာသောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းသူ(စလင်း)