ချောင်းဆုံ၊   ၆   ဇန်နဝါရီ

"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ ပြည့်နှစ်တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မွန်ပြည် နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဒေါ်နွဲ့နွဲ့ရီနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၅ ရက် နံနက်က ကညှော်ကျေးရွာသို့ ကွင်းဆင်းပြီး ခွေးရူးရောဂါကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ယခု ကာကွယ်ဆေးထိုးနှံပေးရခြင်းသည် ဌာန၏ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး ခွေးရူးရောဂါကင်းစင်စေရန်အတွက် စီမံချက်ချမှတ်ပြီး စီမံချက်အရ ပြည်သူများနှင့် ပူးပေါင်း ပြီး ကျေးရွာရှိ ဘုန်းကြီးကျောင်း၊ အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ခွေး၊ ကြောင် များကို ခွေးရူးရောဂါဆေး ထိုးပေးရခြင်းဖြစ်ကြောင်း၊ ခွေးရူးရောဂါသည် ခွေးအပြင် ကြောင်များမှတစ်ဆင့်လည်း လူထံသို့ ခွေးရူး ရောဂါဖြစ်ပွားကူးစက်စေနိုင်သည့်အတွက် ယခုလို ကျေးရွာများတွင် ကွင်းဆင်းပြီး ဆောင်ရွက်ပေးရ ခြင်းဖြစ်ကြောင်း၊ နောက်ရက်များတွင်လည်း အခြားကျေးရွာများသို့ သွားရောက်၍ အဆိုပါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(မွေး/ကု)ဌာန ဒေါက်တာ နွဲ့နွဲ့ရီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)