ချောင်းဆုံ ၁၃ ဒီဇင်ဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွှေကျွန်းသာကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး ကလေးသူငယ်၏ အခွင့် အရေးများဆိုင်ရာ ဝန်ဆောင်မှု ကလေးကိုယ်စားလှယ်ကလေးအဖွဲ့ မိဘများနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ဇီကုန်း (မူလွန်) ကျောင်းတွင် ကျင်းပရာ မြို့နယ် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ ရွှေကျွန်းသာကွန်ယက်မှ တာဝန်ရှိသူများ၊ ဇီးကုန်းကျေးရွာ ရပ်မိရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဇီးကုန်းကျေးရွာ ပန်းရောင်ခြယ်ကလေး အဖွဲ့ဝင်များနှင့် မိဘများတက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် ရွှေကျွန်းသာကွန်ယက်အဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်မျိုးမြင့်က အဖွဲ့၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအားလည်းကောင်း၊ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ယမင်းထွေးအောင်က ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော နိုင်ငံတော်မှ ဆောင်ရွက်နေသော ဝန်ဆောင်မှုများထဲမှ ကျောင်းစာကြည့်တိုက်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ဆောင်နေသည့် အစီအစဉ်များနှင့် ကျေးရွာလူထုကလေးများအား အသိပေးရန် လိုအပ်နေသည့် သတင်းစကားနှင့် လက်ရှိဆက်လက် ဆောင်ရွက်နေသည့်လုပ်ငန်း အကြောင်းများအား ဆွေးနွေရန်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ကလေးကိုယ်စားလှယ်များ ဖြစ်ကြသော မနှင်းသဇင်ဦးနှင့် မောင်ခန့်နိုင်တို့မှ မိမိတို့ ကျေးရွာရှိ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနမှ မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းရာ မြို့နယ် (ပြန်/ဆက်) ဦးစီးမှူး ဒေါ်မိသူဇာနှင့် မြို့နယ် ပညာရေးမှူးရုံးမှ ဒုဦးစီး ဒေါ်ဇင်မင်းခိုင်တို့က မိမိတို့ဌာနဘက်မှ ဆောင်ရွက်နေသည့် လုပ်ငန်းနှင့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများနှင့် တာဝန်ရှိသူများက စာကြည့်တိုက်လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)