ချောင်းဆုံ    ၂၆    စက်တင်ဘာ     

 

၂၀၁၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Center)တွင် ယနေ့နံနက်(၁၀)နာရီက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က ပြိုင်ပွဲတွင်လိုက်နာရမည့်စည်းကမ်းချက်များအားရှင်း လင်းပြောကြားသည်။

 

8

 

ထို့နောက် အခြေခံပညာကျောင်း(၈)ကျောင်းမှ ကျောင်းသား/သူ(၈)ဦး တို့က “ဆရာတစ်ဦးဖြစ်ခဲ့သော်နှင့် အားကျမိသောဆရာတစ်ဦး” စသည့်ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြပြီး အ.မ.က(မူလွန်) မုရစ်ကြီးကျောင်းမှ မနန်းနေခြည်ဦး ပထမဆု၊ ဝယ်လမ်း(မူလွန်)ကျောင်းမှ မမီမီကိုခြူး ဒုတိယဆု၊ ကတောင်စိန်(မူလွန်)ကျောင်း မပြည့်ဖူးခိုင် တတိယဆုတို့ဖြင့် ဆုများရရှိခဲ့ရာ ဒုမြိုနယ်ပညာရေးမှူး၊ ပြန်/ဆက်ဦးစီးမှူး ဒေါ်မိသူဇာနှင့် ကျောင်းအုပ်ဆရာမများက ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

 

မြို့နယ်(ပြန်/ဆက်)