ချောင်းဆုံ ၂၅ မတ်    
    

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် အတွင်းရှိ လူမှုကယ်ဆယ်ရေး အဖွဲ့များအသုံးပြုနိုင်ရန် (PPE)ဝတ်စုံနှင့် ဆေးဖျန်းပစ္စည်းများ ကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ် ကျွန်းသာယာခန်းမတွင် ပေးအပ်ခဲ့သည်။

 

မွန်ပြည်နယ် လွှတ်တော်ဒုတိယဉက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ နှင့် တာဝန်ရှိသူများက လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ထမ်းဆောင်နေသူများအား (PPE) ဝတ်စုံ အစုံ(၁၀၀)၊ ဆေးဖြန်းပစ္စည်း ဆေးပုံး (၂) ပုံး၊ နှင့် အသုံးပြုပုံများကို ပညာပေး သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့အပြင် ယမန်နေ့ ညနေပိုင်းကလည်း ကမာမိုကျေးရွာ ဘက်စုံသုံးခန်းမတွင် အဆိုပါပစ္စည်းများကို ပေးအပ်ကာ သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)