ချောင်းဆုံ ၇ အောက်တိုဘာ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်ကစတင်၍ ချောင်းဆုံ (အ.ထ.က)ကျောင်းတွင် ဖွင့်လှစ်လျက်ရှိရာ အဆိုပါသင်တန်းသားများအား ယနေ့ နံနက် ၈ နာရီက ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်းကို Test kit ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်း (၁၅)ဦးတို့က အထူးရဲသင်တန်းသား (၇၅)ဦးနှင့် သင်တန်းနည်းပြ (၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိကို Standard Q Covid-19 Antigen (RTD) Test များဖြင့် စစ်ဆေးခဲ့ရာ အဆိုပါသင်တန်းသားများတွင် ရောဂါပိုး မတွေ့ရှိရကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထူးအိမ်(ပြန်/ဆက်)


