ချောင်းဆုံ ၂၁ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြီး မျက်စိဝေဒနာ ခံစားနေရသည့် ပြည်သူများအား ချောင်းဆုံမြို့ ပြည်သူ့ဆေးရုံ၌ မတ် ၃ ရက်တွင် သီတဂူမျက်စိအထူးကုဆေးအဖွဲ့မှ လာရောက်စစ်ဆေးပြီး ဆေးကုသစရိတ်အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးကုသမှုခံယူရာတွင် ကျေးရွာများရှိ အပြင်တိမ်၊ အတွင်းတိမ် မျက်စိဝေဒနာ ခံစားနေရသူများအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ကျန်းမာရေးဌာနသို့ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ရောဂါစစ်ဆေးပြီးနောက် ကုသမှုများကို အပတ်စဉ်အလိုက် ရောဂါအခြေအနေပေါ် မူတည်၍ မော်လမြိုင် မျက်စိအထူးကု ဆေးရုံတွင် အဆိုပါအဖွဲ့မှ အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)