ချောင်းဆုံ  ၂၅  စက်တင်ဘာ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများရှိ မူလတန်းသင် ကျောင်းသား/သူများ အားအာဟာရ နွားနို့တိုက်ကျွေးခြင်းကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက်က ချောင်းဆုံမြို့ ကညှော်ကျေးရွာရှိ အခြေခံပညာကျောင်း(၄)ကျောင်းတို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနို့တိုက် ကျွေးခြင်းများဆောင်ရွက်ခဲ့ရာ မြို့နယ်မွေး/ကု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရီက နွားနို့တိုက်ကျွေးခြင်းအားဖြင့် အရိုးအဆစ်များသန်မာလာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ခြင်းများ ရရှိစေရန် ရည်ရွယ်၍ ယခုလို စာသင်ကျောင်းများတွင် ကလေး ငယ်များအား နွားနို့တိုက်ကျွေးရခြင်းဖြစ်ကြောင်းပြောကြားပြီး တာဝန်ရှိသူများကကျောင်းသား/သူ(၆၉၃) ဦး တို့အား နွားနို့တိုက်ကျွေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)