ချောင်းဆုံ ၃၁ အောက်တိုဘာ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများအနေနှင့် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှ စတင်ပြီး သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံများတွင် မဲရုံအလိုက်ခွဲပြီး သတ်မှတ်မဲပုံးတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိရာ အောက်တိုဘာ ၃၀ ရက်အထိ ကြိုတင်မဲပေးသူ (၇၂၂၁) ဦး  ရှိကြောင်း သိရသည်။

 

အဆိုပါ ကြိုတင်မဲပေးရာတွင်လည်း မဲဆန္ဒရှင်ပြည်သူများနှင့် မဲရုံတာဝန်ရှိသူများအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ ချောင်းဆုံမြို့နယ်တွင် အသက် (၆၀)နှစ်နှင့်အထက် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ  ဦးရေ (၁၉၆၂၂) ဦးရှိသည့်အနက် အောက်တိုဘာ (၃၀)ရက် ညနေ (၄) နာရီခွဲအထိ ကြိုတင်ဆန္ဒမဲပေးသူ အမျိုးသား (၃၀၂၄) ဦး၊ အမျိုးသမီး (၄၁၉၇) ဦး စုစုပေါင်း (၇၂၂၁) ဦး ကြိုတင်ဆန္ဒမဲပေးသွားပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကေအေ(ချောင်းဆုံ)