ချောင်းဆုံ ၁၀ ဒီဇင်ဘာ        

ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရန် ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စာရင်းကောက်ယူ ဖြည့်သွင်းရာတွင် စနစ်တကျနှင့် မှန်ကန်စေရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး သတင်းအချက်အလက်ဆိုင်ရာ သင်တန်းပေးပို့ချခဲ့ကြောင်း သိရသည်။

 

1019

 

အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဦးမြင့်ဝင်းနှင့် ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းတို့မှ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်တန်းပို့ချခဲ့သည်။ 

အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ (၈၁)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၂) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကေအေ(ချောင်းဆုံ)