ချောင်းဆုံ ဩဂုတ် ၄

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်စေရေး သတ်မှတ်ထားသည့် ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်အလိုက် ဆေးထိုးစုရပ် ငါးနေရာတွင် ဆေးထိုးပေးသည့် ခြောက်ရက်မြောက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးသူ ၄၅၁၄ ဦးရှိပြီး ဩဂုတ် ၄ ရက် နံနက်ပိုင်းက စတင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံပေးသည့် အထက(ချောင်းဆုံ)၊ အထက(ရွာလွတ်)၊ မုရစ်ကလေး(မူလွန်)နှင့် အထက(ကလွီ) စုရပ် ငါးနေရာတို့တွင် ဆေးထိုးကာလ ခြောက်ရက်အတွင်း ဩဂုတ် ၃ ရက်အထိ သာသနာ့အနွယ်ပုဂ္ဂိုလ် ၁၃၂ ပါး၊ စေတနာ့၀န်ထမ်း ၆၅၀၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွား ၃၂၆၈ ဦး၊ နိုင်ငံ့ဝန်ထမ်း ၁၉၂ ဦး၊ ပုဂ္ဂလိကဝန်ထမ်း ၂၃၄ ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း ၃၈ ဦး၊ စုစုပေါင်း ၄၅၁၄ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)