ချောင်းဆုံ၌ တောင်သူ (၇၀၀) အား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးပြီးဖြစ်

ချောင်းဆုံ ၂ ဇူလိုင်         

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ချေးငွေ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကွမ်ရိုက်ကျေးရွာရှိ တောင်သူ ၅၀၊  လယ်ဧက  ၃၂၀  ဧကအတွက် ချေးငွေကျပ်သိန်း ၄၈၀ ကို အဆိုပါဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို ဇွန် ၃ရက်က စတင်ထုတ်ချေးပေးပြီး ယနေ့ဇူလိုင် ၂ ရက်အထိ ထုတ်ချေးပြီးသည့် ကျေးရွာပေါင်း ၁၃ ရွာရှိပြီး တောင်သူဦးရေစုစုပေါင်း ၇၀၀၊ စိုက်ဧကပေါင်း ၄၃၃၆ ဧက အတွက် ထုတ်ချေးပေးပြီးသည့် ငွေသားပေါင်းမှာ ကျပ် ၆၅၀၄ သိန်းရှိပြီးဖြစ်ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ရပ်/ကွက်ကျေးရွာ အုပ်စုပေါင်း ၄၆) အုပ်စုရှိကြောင်းနှင့် ထုတ်ချေးရန်ကျန်ရှိသည့် ကျေးရွာများအားလည်း နေ့စဉ်၊ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာဦးဇော်လေးထံမှ သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)