ဖလမ်း ၁၆ အောက်တိုဘာ

 

ဖလမ်း-ရိခေါ်ဒါရ်လမ်းရှိ ကီလိုမီတာ(၁၂/၄)နှင့် ကီလိုမီတာ(၁၂/၆)ကြားရှိ တံတားအမှတ် ၃/၁၃ တလိုင်ရောန်းဘေလီတံတားသည် သြဂုတ် ၆ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေကြီး ရေတိုက်စားမှုကြောင့် ရေထဲမျောပါပျက်စီးသွားသည်။

 

“ကျွန်တော်တို့ဝန်ကြီးဌာန နှင့် ချင်းပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်အရ ပြန်လည်တည် ဆောက်ပါတယ်ခင်ဗျ။ မြစ်ကမ်း နှစ်ဖက်လည်း ပေ(၇၀)နှင့် တည်ဆောက်ဖို့ မရတော့ပါဘူး။ မြစ်ကမ်းနှစ်ဖက်ကလည်း ရေတိုက်စားသွားတဲ့ခါကျတော့ ပေရှည်ဆောက်မှ ရတာဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ပေ(၁၀၀)နှင့် ပြန်လည်တည်ဆောက်ပေးထားပါတယ်။ ပေ(၁၀၀)ကိုလည်း ဘေလီအမျိုးအစားနဲ့ဘဲ နှစ်လွှာ တစ်ထည် ဘေလီအမျိုးအစားနဲ့ ပြန်လည်တည်ဆောက် ပြီးတော့ နှစ်ပတ်အတွင်းမှာဘဲ ကျွန်တော်တို့ ပြန်လည် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တလိုင်ရောန်းတံတားဟာဆိုလို့ရှိရင် လက်ရှိမှာတော့ ရေတိုက်စားမှုကာကွယ်နိုင်တဲ့ ကျောက်စီနံရံ မြေထိန်းနံရံအနေနဲ့လည်း ဆောင်ရွက်ပေးထားပါတယ်” လို့ တံတားတည်ဆောက်ရေးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ပြောသည်။

 

ဖလမ်းမြို့နယ်၊ ကလောမွန်အုပ်စု၊ ကျဲမွန်ကျေးရွာအနီးရှိ ဖလမ်း-ရိခေါ်ဒါရ်လမ်း တလိုင်ရောန်းတံတားကို တံတားစီမံကိန်းအဖွဲ့(၁)က တည်ဆောက်ပြီးစီးခြင်းဖြစ်ကြောင်း သိရ သည်။

 

ခရိုင် ပြန်/ဆက်

 

mdn