ပုသိမ်   ၂   နိုဝင်ဘာ     

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပံ့ပိုးမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပုသိမ်မြို့နယ်၊‌ချောင်းသာကလေး စာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်ကိုယမန်‌‌နေ့ကစတင်ဖွင့်လှစ်ခဲ့ရာ ဒုတိယနေ့ဖြစ်သည့်နိုဝင်ဘာ ၂ ရက်‌နေ့တွင်ကလေးစာပေ စာပေပွဲတော်သို့လာရောက်ဆင်နွှဲကြသည့် ကျောင်းသား၊ကျောင်းသူများ‌ဒေသခံပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

 

ေ

 

ကလေးစာပေပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအနေဖြင့် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ စက္ကူခေါက်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများတွင် လာရောက်ယှဉ်ပြိုင်သူများပြားလျက်ရှိနေပြီးကလေးစာပေပွဲတော်သို့လာရောက်ကြသည့် ဧည့်သည်တော်များအားအ‌ခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်၊ တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)