ချောင်းသာ   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက စည်ကားများပြားလျက်ရှိသည်။

“ဒီနေ့ လာရောက်အပန်းဖြေသူ အရမ်းများပါတယ်။ ခရစ္စမတ်ကာလမှာ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် သုံးရက်ဆက်တိုက် ရက်ရှည်ရတော့ နေရာဒေသအစုံက လာလည်ကြ၊ အပန်းဖြေကြတာ များကြောင်း” လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်သူ ချောင်းသာမြို့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဦးသန်းဌေးက ပြောပြသည်။

ချောင်းသာကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက် ရက်ရှည်မဟုတ်သည့် နေ့များတွင် ယခင်ကထက် လာရောက်လည်ပတ်အပန်းဖြေသူ နည်းပါးသော်လည်း နေ့ကြီး၊ ရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် စည်ကားများပြားကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)