ချောင်းသာ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေသို့ အပန်းဖြေရင်း နှစ်သစ်ကိုကြိုဆိုကြမည့် ခရီးသွားဧည့်သည်များ ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းမှစတင်၍ အဆက်မပြတ် ဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။

"မြို့ကိုဝင်လာတဲ့ သူတွေကို ခရီးသွားမှတ်တမ်းယူတယ်၊ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုလည်း မှတ်တမ်းယူတယ်၊ မပါလာခဲ့ရင်လည်း ဘယ်သွားသွား ယူဆောင်သွားဖို့တွေ၊ ကျန်းမာရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့တွေကို ဆောင်ရွက်တယ်၊ လာကြတာကတော့ နယ်ပယ်ဒေသအစုံကအပြင် ပြည်ပ နိုင်ငံခြားသား ဧည့်သည်တွေလည်းလာကြတာ တွေ့ရတယ်လို့" ဌာနစုံပါဝင်တဲ့ ပူးပေါင်းစစ်ဆေးဂိတ် အလှည့်ကျအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ချောင်းသာမြို့တွင် အပန်းဖြေစရာ ချောင်းသာကမ်းခြေအပြင်  သဲဖြူကျွန်းသို့ စက်လှေ၊ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့်လည်းကောင်း ဘုရားဖူးရန်နှင့် အပန်းဖြေလည်ပတ်ရန် သွားရောက်နိုင်ကြောင်း သိရသည်။

 ကျော်ကျော်(ပြန်/ဆက်)