ချောင်းသာ၊ ၂၃ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ Quarantine Centre ရှိ Volunteer များအား PPE ဝတ်စုံ အသုံးပြုနည်း သရုပ်ပြပို့ချခြင်းကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက ချောင်းသာမြို့ အ.မ.က(၈) Quarantine Centre ၌ ပြုလုပ်ခဲ့သည်။
"အခုလို ချောင်းသာမြို့ အ.မ.က(၈) Quarantine Centre မှာရှိတဲ့ Volunteer တွေကို PPE ဝတ်စုံ အသုံးပြုနည်းကို အရင်ကလည်း သင်ပြပေးခဲ့ပါတယ်။ တကယ်တမ်း လိုအပ်တဲ့ အချိန်ကျရင် သူတို့လည်း အားကြိုးမာန်တက်နဲ့ လုပ်ကြမှာ ဆိုတော့ ဘာပဲဖြစ်ဖြစ် အမြဲတမ်းအဆင်သင့် ဖြစ်နေစေချင်တယ်၊ သူတို့အတွက်လည်း လုံခြုံအောင် ဆောင်ရွက်နိုင်အောင်လို့ ဒီနေ့ပြန်ပြီး လေ့ကျင့်ခန်းပြန်ပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်"ဟု ချောင်းသာတိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်(၁) ဦးထွန်းအောင်ကိုက ပြောသည်။
"ကျွန်တော်တို့အတွက် မသိတာ မတတ်တာတွေကို အခုဆရာက သင်ကြားပို့ချပေးခဲ့တော့ PPE ဝတ်ပုံဝတ်နည်းတွေ၊ Surgical ဝတ်ပုံဝတ်နည်းတွေ၊ နှာခေါင်းစည်း (Mask) တပ်ပုံတပ်နည်းတွေ အကုန်လုံး လက်တွေ့ပို့ချထားတဲ့အတွက် အများကြီး အကျိူးကျေးဇူး ရှိပါတယ်၊ တကယ်တမ်း လက်တွေ့ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဒီဟာကို နည်းနာ ယူပြီး လုပ်လို့ရတယ်လေ၊ ဘယ်လိုဘဲဖြစ်ဖြစ် ဒီPPE ဝတ်စုံ ဝတ်နည်းက လုံခြုံစိတ်ချရတဲ့အတွက် ရောဂါလက္ခဏာ ပြတဲ့သူတွေ ကို သွားယူပြီဆိုရင် ဒါတွေဟာ ကျွန်တော်တို့အတွက် အများကြီးအကျိုးကျေးဇူး ရှိပါတယ်"ဟု Quarantine Centre တွဲဖက်တာဝန်ခံ ဦးမျိုးသိန်းက ပြောသည်။
အဆိုပါ PPE ဝတ်စုံအသုံးပြုနည်း သရုပ်ပြပို့ချခြင်းကို အ.မ.က(၈) Quarantine Centre ရှိ Volunteer ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)


