ချောင်းသာ ၁၆ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း Mask များ အခု ၂၀၀ ကျော်ကို ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများကြား လိုက်လံဝေငှမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ချောင်းသာမြို့ ဈေးကြီးအတွင်းရှိ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် ချောင်းသာဟိုတယ်ဇုန် လမ်းမကြီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာ ပြည်သူများထံသို့ Mask များ အခမဲ့ဝေငှပေးခဲ့သည်။ ထို့ပြင် ပြည်သူများအား အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်သွားရန်နှင့် (၂၁)ရက်မှစ၍ နှာခေါင်းစည်း Mask မတပ်ဘဲ အပြင်ထွက်သူများကို Mask (၃)ခုကို ၃၀၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)


