ချောင်းသာ ၁၆ နိုဝင်ဘာ
ပင်လယ်ကမ်းခြေဒေသ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာတွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတန်ဖိုးသင့် အိမ်ရာစီမံကိန်းတွင် (၁)ထပ်RC ပေ(၃၀)ပတ်လည်၊(၂)ထပ် RC ပေ(၃၀×၃၁)ပေ၊(၂၅ ပေ×ပေ၉၀) Shop House စသည့် အမျိုးအစား(၃)မျိုး ပါဝင်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်း၊ဆေးရုံဆေးပေးခန်း၊ အပန်းဖြေအနားယူနိုင်မည့် ပန်းခြံ၊ရေကူးကန်၊ ဖူဆယ်အားကစားကွင်း စသည်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှာ ဒေါနအိမ်ရာစီမံကိန်းဖြစ်ပြီး ပထမကရဝိတ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလမှာ (၂၀၂၀)ပြည့်နှစ်အထိဖြစ်ကြောင်း၊ အလုံးရေ (၂၀ဝ)ခန့် ပါဝင်မည်ဖြစ်ကြောင်း၊ လုံးချင်း(၁)လုံးလျှင် ကြမ်းခင်းဈေး ကျပ်သိန်း(၈၀ဝ)ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရှိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)


