ရေနံချောင်း ၁၉ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းတိမ်ချောင်း ရေကြီးရေလျှံမှုဖြစ်ကာ ရန်ကုန် - မန္တလေးလမ်း လမ်းမတော်လမ်းမကြီး ပေါ်၌ သဲနှင့်ရွံ့နွံ့များ တင်ကျန်ခဲ့ပြီး ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ စက်ယန္တရားများနှင့် စက်တင်ဘာ ၁၉ ရက်က ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊
ကိုစိုးကြီး


