ချောင်းဦး ၈ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အမှတ်(၁) အနော်ရထာခန်းမ မဲရုံတွင် ယနေ့ ညနေ ၄ နာရီ မဲရုံပိတ်သိမ်းခဲ့ပြီး ဆန္ဒမဲလက်များ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
မဲရုံပိတ်သိမ်းပြီးနောက် မဲရုံတာဝန်ရှိသူများ၊ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ၊ လာရောက်လေ့လာသူများ၏ရှေ့တွင် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲမှ ကြိုတင်မဲပုံးအား ဖွင့်ဖောက်စစ်ဆေးပြီး မဲများစစ်ဆေးရေတွက်ခဲ့သည်။
ကြိုတင်မဲများရေတွက်ပြီးပါက ယနေ့တွင် ပြည်သူများဆန္ဒပြုခဲ့သော ဆန္ဒမဲများအား ရေတွက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


