ချောင်းဦး ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အထွက်ရှိ ချောင်းဦး-ပခုက္ကူ လမ်းဆုံနေရာ၌ ပူးပေါင်းအဖွဲ့မှ ခရီးသည်တင်ကားကြီးများနှင့် ခရီးသွားလာနေကြသည့် ပြည်သူများအား ခရီးသွား လာရာတွင် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ မရှိကို ဧပြီ ၁ ရက်က စစ်ဆေးခဲ့ကြသည်။
ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးမြင့်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ခရီးသွားပြည်သူများ သိရှိနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် ကြေညာထားပြီး ဖြစ်သည့် ခရီးသွားလာကြရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ၊ မရှိကို စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် ခရီးသွားပြည်သူ အမျိုးသား ၃၅ ဦး၊ အမျိုးသမီး၂၉ ဦး စုစုပေါင်း ၆၄ ဦးတွင် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) မပါလာသူ ၁၄ ဦးနှင့် မရှိသေးသူနှစ်ဦး တွေ့ရှိခဲ့ပြီး တစ်ပါတည်း ယူဆောင်သွားလာကြရန်နှင့် မပြုလုပ်ရ သေးသူများအား ပြုလုပ်ကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)


