ချောင်းဦး   ၁၂  ဇန်နဝါရီ

 

စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်းတို့မှ အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

mdn

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုဝင်းက သုတ/ရသ စာအုပ်အဆင့် ခွဲခြားခြင်းအကြောင်းအား လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ခင်မီမီကျော်က စာအုပ်များ မျိုးတူစုခွဲခြင်းနှင့် စာအုပ်ငှားရမ်းမှု စနစ်အကြောင်းအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

 

mdn

 

အလုပ်ရုံဆွေးနွေးပွဲသို့ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စာကြည့်တိုက်တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

 

အိအိအောင်(ချောင်းဦး)